စိန်ကောင်းကျောက်ကောင်းရောင်းဝယ်နေတာ ဆေးရိုးသည်က ကန်.လန်.

* ကိုယ်လိုချင်တဲ့ပန်းတိုင်
မရောက်မချင်း
လမ်းခင်းထားတဲ့ ခလုတ်ဆူးငြောင့်
ပြေးလမ်းဖြောင့်မှာ၊ ဖြတ်သန်းနှောင့်ယှက်
ဖြတ်လျက်ကျော်လွှား
ပန်းခင်းထားတဲ့လမ်းမဟုတ်
မိမိလိုချင်တဲ့ ဆုဖလားဟာ
ဥရောပချန်ပီယံလိဂ်ဖလား
ကျော်လွှားရမှာက
အသင်းကြီးသေး၊ ဆုဖလားသေးကွေး
ဝေးချင်ဝေးပါစေ။
စိန်ကောင်းကျောက်ကောင်း
အရောင်းအ၀ယ်ဆုံးဖြတ်နေဆဲ
မျက်နှာမွဲဆေးရိုးသည် ကန်.လန်.တိုက်တာ
တိုက်ပွဲကြီးလို.ထင်နေလျှင်
ကျောက်လျှင်လွဲ၊ ရဲရင့်လျှင် မင်းဖြစ်
သိန်းဆုမျှော်မှန်း၊ သောင်းဂဏန်းနှင့်တိုးရ
ရာဇ၀င်သမိုင်းဇာတ်လမ်းမှာ
ဇာတ်ကြမ်းမင်းသားဖြစ်ချင်သလား
ရွှေမင်းသားဖြစ်ချင်သလား
စဉ်းစဉ်းစားစားပြုလုပ်ကြပါ။
ပညော(ရွှေညာဖြူ)ရေဦး
(၁၂.၁၀.၂၀၁၂)

မမှားစေချင် သမိုင်းသင်

* သမိုင်းကိုသင်
အသင်မအဖို.
ဒေါက်တာသန်းထွန်း
ရည်ညွှန်းပါမောက္ခ
အင်္ဂလိပ်ခေတ်
နိုင်ငံရေးစနစ်
စစ်လက်နက်အဖြစ်
လူမျိုးရေးစစ်ဖြစ်ကြ
နိုင်ငံကိုချစ်လျှင်
စာပေချစ်ပါ
စာပေမြတ်နိုး
စွမ်းအားတိုးတောက်ပြောင်
ခေါင်းဆောင်အောင်ဆန်း
သူလှမ်းခဲ့သည့်ခြေလှမ်း
မျှော်မှန်းခဲ့သည့်ပန်းတိုင်
မြင်စွမ်းနိုင်ပါစေ…။
အသင်လူသား
စွမ်းအားပြည့်ဝ
ကြိုးစားကြလျှင်
မဖြစ်လျှင်မရှိ
မဖြစ်သေးတာရှိ
နပိုလီယံ
စကားသံမိန်.
ဆိုပိန်.မညှာ
စေ့စေ့နာလော့
ရှင်မဟာရဋ္ဌသာရ
ဟောဖော်ပြလိမ့်…။
ပညော(ရွှေညာဖြူ)ရေဦး
(၂၀.၁၀.၂၀၁၂)

တောင်သူလယ်သမားတို.၏ တိုက်ပွဲ

* တောင်သူလယ်သမားတို.
တိုက်ပွဲထွက်ကြ
အသေခံတပ်သား
ကွန်မန်ဒိုတပ်သား
အမာခံတပ်သား
တစ်ဝမ်းတစ်ခါးအတွက်
သေမင်းတမန်လက်နက်
အီရန် အီရက် ဆီးရီးယား
လစ်ဗျားတိုက်ပွဲမှာ
သေဆုံးကျဆုံးခဲ့တဲ့
ပြည်သူများ
တိုက်ပွဲကြား၊ သေဆုံးသွားကြ
အရေအတွက်ကို၊ ကွန်ပြူတာ
အင်တာနက်၊ ရေတွက်ဖော်ပြခဲ့ကြတယ်။
*  တောင်သူလယ်သမားတို.
သွေးသားတွေကို
မြွေပွေးတည်းဟူသော
အဆိပ်မြားတွေက
ဝါးမျိုဖျက်ဆီးခဲ့ကြတာတွေ
အဏုမြူလက်နက်များထက်
ကြောက်စရာကောင်းတယ်။
ပညော(ရွှေညာဖြူ)ရေဦး
(၈.၉.၂၀၁၂)

ကောင်းကင်မှအေးမြနေသော လမင်းများ

* ပုဂံခေတ်
ထွန်းသစ်ခဲ့လမင်းများ
သံပျင်မင်းသမီး၊ မိဖုရားစော
စာဆိုတော် မိဖြူ မိညို
မယ်ခွေ
ပုဂံရာဇ၀င်စာတင်ခဲ့၏။
မိဖုရားကြီးရှင်မင်း၊ ရှင်စောပု
မိနက်ကြီး၊ မယ်ဘယက်၊ လှိုင်ထိပ်ခေါင်တင်
ပုဂံသမိုင်းကို
တုနိုင်းမရအောင်
စွမ်းဆောင်ရှုခင်းများဖြင့်
လှပစေခဲ့၏။
* ဒီမိုကရေစီခေတ်
မာဂရက်သက်ချာ၊ နန်စီရေဂင်
မစ္စအင်ဒီရာဂန္ဓီ၊ ဟီလာရီကလင်တန်
ဒေါ်အောင်ဆန်းစုကြည်
ငွေလ၀န်းစန္ဒာ
ကမ္ဘာပေါ်မှာ လူသားများစွာ
အေးမြချမ်းသာ
လင်းလက်သာယာ
ထွန်းလင်းတောက်ပနေ၏။
ပညော(ရွှေညာဖြူ)ရေဦး      (၂၉.၉.၂၀၁၂)

ပြောင်းလဲခြင်းနိယာမ

*                  ဒို.ဘေး ဒို.ဖွား
ဒို.အဖိုးများခေတ်ကလည်း
ဒီမြေ ဒီလယ်ယာ ထွန်ယက်ခါဖြင့်
နွားပြာတစ်ရှဉ်း ရုန်းကန်ရင်းဖြင့်
ကြီးပြင်းသက်ရှည်ခဲ့ရ၏။
* ဒို.ဖေ ဒို.မေ
ဒို.အမျိုးတွေလည်း
ဒီမြေ ဒီလယ်ယာ ထွန်ယက်ခါဖြင့်
နွားဖြူတစ်ရှဉ်း တွဲဖက်ရင်းဖြင့်
နဖူးခြေမ ချွေးဒီးဒီးကျဖြင့်
ရုန်းကန်လှုပ်ရှား၊ နှစ်များကြာပြောင်း
အချိန်နှောင်းခဲ့၏။
* ဒို.ခေတ်မျိုးဆက်သစ်တွေ
နှစ်ပေါင်းများစွာ ပြောင်းသွားပါလည်း
ပြောင်းလဲမှု၊ ထူးထူးခြားခြား
ထူးမခြားနားသေးလျှင်
ကြိုးစားကြစို.
သူငယ်ချင်း။
ပညော(ရွှေညာဖြူ)ရေဦး           (၂၄.၉.၂၀၁၂)

ဘ၀ပင်လယ်

* ပင်လယ်သမုဒ္ဒရာ
ဒီလှိုင်းရေစီးကြောင်းများ
လှိုင်းခတ်မုန်တိုင်း
သက်ရှင်လှုပ်ရှား
လူသားများသည်
လက်ပစ်ကူးကြမှာလား
လှိုင်းတံပိုးကြား
လှေငယ်များနှင့်
သားရဲတိရ စ္ဆာန်များ အန္တရာယ်ကြားဖြတ်သွား
ဖောင် စက်လှေ သင်္ဘော ရေယာဉ်မျိုးစုံ
အ န္တရာယ်ကျွန်း နတ်သမီးကျွန်း
ကျွန်းပေါင်းများစွာ
ဖြတ်သန်းကျော်လွှား
နေ.စဉ်ဖြတ်သန်း သွားလာလှုပ်ရှား
အသက်ပေါင်းများစွာ
ရက် လ နှစ်စား
သံသရာခရီးသွား
ရှည်လျှားသမုဒ္ဒရာ
ဝမ်းတစ်ထွာ….။
ပညော(ရွှေညာဖြူ)ရေဦး

က မ္ဘာ.သမိုင်းစာမျက်နှာ

*  ၈၈ အရေးတော်ပုံ
အောင်-စု-တင် ဒီမိုကရေစီတပ်ဦး
မွေးဖွားကြီးပြင်းခဲ့တယ်။
* ဘုန်းမော်ကျဆုံး
အရေးတော်ပုံ မီးဟုန်းဟုန်းတောက်ခဲ့တယ်။
* အမေစုဘ၀၊ အခြေပြုရ
လူထုခေါင်းဆောင်
ဦးဆောင်ပြုခဲ့ရတယ်။
* ဦးဝင်းတင်၊ သခင်ကိုယ်တော်မှိုင်း
သမိုင်းတစ်ခေတ်၊ ထွန်းသစ်ခဲ့ရတယ်။
* မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို
မမီးမီး၊ မိုးသီးဇွန်၊ မနီလာသိန်း
ကိုဂျင်မီ ကြယ်တွေအစီအရီ
မိုးကောင်းကင်မှာ ထွန်းလင်းတောက်ပခဲ့တယ်။
* မီးပင်လယ်ဖြတ်၊ ဓားတောင်ကို ကျော်ဖြတ်ခဲ့တယ်။
၈၈ မျိုးဆက်သစ်
၂၀၀၇ သံဃာ့ခေါင်းဆောင်
ခေါင်းပြောင်ပြောင်
ကမ္ဘာမှာထွန်းလင်းပြောင်မြောက်ခဲ့ရတယ်။
* ကမ္ဘာသမိုင်းစာမျက်နှာ
မြန်မာ့သမိုင်းစာကြောင်းများ
ထင်ရှားမှတ်သားကြတယ်။
ပညော(ရွှေညာဖြူ)ရေဦး        (၂၉.၉.၂၀၁၂)

၈.၈.၈၈ နှစ်ဆယ့်လေးနှစ်ပြည့် အခမ်းအနား

* ၈.၈.၂၀၁၂
မြန်မာ့ဒီမိုကရေစီနေ.
ဒီမိုကရေစီတော်လှန်ရေးနေ.
၈.၈.၈၈ နှစ်ဆယ့်လေးနှစ်ပြည့်မှာ
မန္တလေးတော်လှန်ရေးရဲဘော်များရဲ.
သတ်မှတ်သွားသော မြန်မာ့ဒီမိုကရေစီနေ.
ပြည်သူတွေသွေးချွေး
အသက်ပေးခဲ့တဲ့နေ.။
* မြန်မာတစ်ပြည်လုံး
အုန်းအုန်းကြွက်ကြွက်
ခံစားချက်တွေ၊ ဖော်ပြတဲ့နေ.။
* မင်းကိုနိုင်၊ ကိုကိုကြီး
ဘုန်းမော်တို.ရဲ.
ခမ်းနားကြီးကျယ်
အောင်ကျော်ဘွဲ.ရ
ခေါင်းဆောင်ကြယ်များ
ထွန်းလင်းတောက်ပတဲ့နေ.။
* ဒေါ်အောင်ဆန်းစုကြည်
ကမ္ဘာ့အလယ်မှာ
လင်းလက်ကြယ်ရောင်
ထွန်းပြောင်မည့်နေ.
ကျောင်းသားခေါင်းဆောင်
မြန်မာ့အာဇာနည်များ
သွေးမြေခတဲ့နေ.။
ပညော(ရွှေညာမြေ)ရေဦး
(၈.၈.၂၀၁၂)

****သန်းပေါင်းများစွာ*****

* အာဟာရချို.တဲ့နေတဲ့ကလေးများ
သန်းပေါင်းများစွာ
နိုင်ငံမဲ့နေတဲ့လူသား
သန်းပေါင်းများစွာ
စစ်ဘေးဒုက္ခသည်
သန်းပေါင်းများစွာ
ဒုက္ခသည်စခန်းများ
က မ္ဘာကြီးအတွင်းမှာ
သန်းပေါင်းများစွာ
အလုပ်လက်မဲ့များစွာ
နိုင်ငံတိုင်းမှာ
သန်းပေါင်းများစွာ
ဇိမ်ခံသင်္ဘောများ
ဇိမ်ခံဟိုတယ်များ
တည်ဆောက်နေတာ
သန်းပေါင်းများစွာ
အားကစားလောက
ကုန်ကျနေတာ
သန်းပေါင်းများစွာ
အာကာသလေ့လာရေး
စမ်းသပ်နေတာ
သန်းပေါင်းများစွာ
လက်နက်စမ်းသပ်ရေး
သန်းပေါင်းများစွာ
သန်းပေါင်းများစွာကို
ကွန်ပြူတာသင်္ချာ
ကိန်းဂဏန်းတွက်ချက်
အတွေးအခေါ်နည်းပညာများစွာ
ပေါင်းစပ်ပြီး
က မ္ဘာကြီးအေးချမ်း
စိမ်းလမ်းသာယာ
လူပေါင်းသန်းပေါင်းများစွာ
စဉ်းစားသင့်ပြီ…..။

ပညော(ရွှေညာမြေ)ရေဦး

***မင်းမဲ့စရိုက်***

* အေးချမ်းနေတဲ့ က မ္ဘာမြေကြီး
လောဘ ဒေါသ မီးတောက်လောင်
သဘာဝတောတောင် စိမ်းလမ်းရှုခင်းများ
ပျက်စီးခမ်းခြောက် အလှပျောက်နေဆဲ…..။
* က မ္ဘာမြေကြီးမင်းမဲ့စရိုက်အမှိုက်တွေ
ရှုပ်ထွေးညစ်ထေးနေဆဲ……။
* ဆီးရီးယားမှာ လူသားခြောက်သောင်း
ခန္ဓာပြောင်း၊ မင်းမဲ့စရိုက်ရေစီးကြောင်းမှာ
မျောပါသွားကြ…..။
* တိဗက်မြေမှာ ဘာသာရေးခေါင်းဆောင်များ
သွေးသားပေါင်းတစ်ရာ၊ အသက်ပေါင်းများစွာ
အရှင်လတ်လတ်၊ ငရဲမီးလောင်ကြွမ်းခံရ….။
* က မ္ဘာကြီးဟာ
လုံခြုံမှုကင်းကွာ
မင်းမဲ့က မ္ဘာဖြစ်လို.နေ
အသေခံဗုံးခွဲသံမစဲ
အစွန်းရောက်ဝါဒီ
အပျော်တမ်းဗြောက်မီးဖောက်သလား….။
* အပြစ်မဲ့လူသားတွေ
ဝဋ်ကြွေးခံစား၊ ကျီးလန်.ခြောက်ခြား
ပြေးလွှားနေရ၊ မင်းမဲ့က မ္ဘာကြီးလား….။

ပညော(ရွှေညာမြေ)ရေဦး